မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုသည် မြန်မာနိုင်ငံတွင် ပေးသော ထူးချွန်ဆု (အကယ်ဒမီ) ဖြစ်သည်။ မြန်မာနိုင်ငံတွင် ရုပ်ရှင် ထုတ်လုပ်ရေး လုပ်ငန်းသည် ၁၉၂၀ ပြည့်နှစ်တွင် ပေါ်ထွန်းလာခဲ့ပြီး ပထမဆုံး အကယ်ဒမီ ထူးချွန်ဆုပေးအပ်သည့် ခုနှစ်မှာ ၁၉၅၂ ဖြစ်သည်။ ၁၉၅၂-ခုနှစ်နှင့် ၁၉၅၃-ခုနှစ်တို့တွင် ဇာတ်ကားဆု (၃)ဆု ၊ ပညာသည်ဆု (၂)ဆုဖြင့် စုစုပေါင်း ထူးချွန်ဆု(၅)ဆု ချီးမြှင့်ခဲ့သည်။
မြန်မာနိုင်ငံတွင် ပထမဆုံး ဆုချီးမြှင့်ခြင်း ခံရသည့် ဇာတ်ကားမှာ အေ၀မ်းဖလင်မှ ဒါရိုက်တာမောင်တင်မောင် ရိုက်ကူးသော ‘ချစ်သက်ဝေ’ ဇာတ်ကားဖြစ်သည်။ အဆိုပါဇာတ်ကားတွင် သရုပ်ဆောင်ကြည်ကြည်ဌေးမှာ မြန်မာ့ပထမဆုံး အမျိုးသမီးထူးချွန်ဆုကို ရရှိခဲ့သည်။
၁၉၅၄-ခုနှစ်တွင် ပထမဆုံးချီးမြှင့်သော ဒါရိုက်တာထူးချွန်ဆုကို ‘သြော်မိန်းမ’ ဇာတ်ကားရိုက်ကူးသူ ဦးသုခမှ ရရှိခဲ့သည်။ အဆိုပါဇာတ်ကားဖြင့်ပင် ဦးသုခသည် အကောင်းဆုံးဇာတ်ကားဆု (ဒုတိယ) ကိုရရှိခဲ့သည်။
၁၉၅၅-ခုနှစ်တွင် ဇာတ်ကားထူးချွန်ဆုကို ပထမ၊ ဒုတိယ၊ တတိယ မခွဲတော့ဘဲ အကောင်းဆုံး ဇာတ်ကားဆု တစ်ဆုတည်းကိုသာ ချီးမြှင့်ခဲ့သည်။ အမျိုးသားပညာသည်ဆု ၊ အမျိုးသမီးပညာသည်ဆု၊ ဒါရိုက်တာဆုများကို ပေးအပ်နေခြင်းဖြစ်ရာ အထူးဆုအနေဖြင့် ၀င်းမော်မှ ‘ဖိုးပြုံးချို’ ဇာတ်ကားဖြင့် ၁၉၅၅-ခုနှစ်တွင် ပထမဆုံးချီးမြှင့်ခြင်း ခံရပြန်သည်။
၁၉၅၆-ခုနှစ်တွင် အကောင်းဆုံး ရုပ်ရှင်ဓါတ်ပုံဆုအဖြစ် ထပ်တိုးချီးမြှင့်ခဲ့ပြီး ဦးချစ်ဖွယ်မှ ‘လွမ်းငွေ့တဝေေ၀’ ဇာတ်ကားဖြင့် ရရှိခဲ့သည်။
၁၉၆၂-ခုနှစ်တွင် ထူးထူးခြားခြားစတင်ပေးအပ်ခဲ့သည့် ဆုမှာ ဇာတ်ပို့ဆုဖြစ်သည်။ ဇာတ်တစ်ခုလုံးကို အထမြောက်အောင် ပို့ပေးရသော သရုပ်ဆောင်များအဖြစ် ဦးကျောက်လုံး နှင့် ဒေါ်မေနွဲ့ တို့မှ ‘အတွေ့’ ဇာတ်ကားကြီးဖြင့် အကောင်းဆုံး ဇာတ်ပို့ဆုများ အဦးဆုံး ရရှိခဲ့ကြပါသည်။
မှတ်မှတ်ရရ ရုပ်ရှင်သမိုင်းတွင် ချန်လှပ်ထားမရသော သရုပ်ဆောင်မှာ အောင်ထွန်းလေး ဖြစ်သည်။ အောင်ထွန်းလေးသည် ၁၉၇၇-ခုနှစ်တွင် ‘အဖေတစ်ခု သားတစ်ခု’ ဇာတ်ကားဖြင့် ပထမဆုံးကလေးသရုပ်ဆောင် ဆုကိုရရှိခဲ့သည်။
၁၉၉၁-ခုနှစ်တွင် ရွှေကိန္နရီရွှေစင်ရုပ်ဆု အပြင် ငွေသားနှစ်သောင်းကို ချီးမြှင့်ခဲ့သည်။ ဇာတ်ကားတစ်ကားတွင် အများဆုံး အထောက်အပံ့ ပေးနိုင်သော ဆုတစ်ဆုရှိသည်။ ထိုဆုမှာ ပရိသတ် ကို ငိုအောင် ရီအောင် ၊ ရင်ခုန်လှုပ်ရှားမှုကို သရုပ်ဖော်သည့် တေးဂီတဆုဖြစ်သည်။ အဆိုပါဆုကို မြန်မာ့နိုင်ငံ၏ ဂီတဖခင်ကြီး တစ်ဦးဖြစ်သည့် ဂီတလုလင် မောင်ကိုကို မှ ၁၉၉၁-ခုနှစ်တွင် ‘ မယ်သီတာလို မိန်းကလေး’ ဇာတ်ကားဖြင့် ပထမဆုံး ရရှိခဲ့သည်။
၁၉၉၃-ခုနှစ်တွင် ငွေသားနှစ်သောင်းကို ချီးမြှင့်ခြင်း မပြုတော့ဘဲ ရွှေကိန္နရီရုပ်တွင် တပ်ဆင်သော ငွေကြယ်အစား ရွှေသားအစစ်ဖြင့် ပြုလုပ်ထားသော ရွှေကြယ်ကို တပ်ဆင်ချီးမြှင့်ခဲ့သည်။
ရှားရှားပါးပါး ပရိသတ်သတိမထားနိုင်သည့် ပညာသည်ဆုတစ်ဆုကို ၁၉၉၄-ခုနှစ်တွင် ရုပ်ရှင်သမိုင်း၌ ထပ်တိုးချီးမြှင့် ခဲ့သေးသည်။ ထိုဆုမှာ ရုပ်ရှင်အသံဆုဖြစ်သည်။ ပထမဆုံးရုပ်ရှင် အသံဆုကို ဦးခင်ဦးမှ ‘သရဖူ’ဇာတ်ကားဖြင့် ရရှိခဲ့သည်။
ဇာတ်ကားတစ်ကားလုံး အကောင်းဆုံးကြည့်ရှုနိုင်အောင် အပြတ်အတောက်မရှိအောင် စွမ်းဆောင်ပေးနေသော သူများမှာ ရုပ်ရှင်ဇာတ်ကားတည်းဖြတ်သူများဖြစ်သည်။ ရုပ်ရှင်ဇာတ်ကားတစ်ကား၏ အဆင့်အတန်းကို ဖော်ပြနေသော တည်းဖြတ် ဆုကို ၁၉၉၇-ခုနှစ်တွင် ချီးမြှင့်ခဲ့ပြီး ဦးမြင့်ခိုင်(မော်ကွန်းရုပ်ရှင်)မှ ‘သူ့ကျွန်မခံပြီ’ ဇာတ်ကားဖြင့် ပထမဆုံးရရှိခဲ့သည်။
ယခုဖော်ပြခဲ့သော အကြောင်းအရာများသည် မြန်မာ့ရုပ်ရှင်သမိုင်းခေတ်အဆက်ဆက် ပထမအကြိမ် ချီးမြှင့်ခံခဲ့သော ဆုတစ်ခုခြင်းစီ၏ သမိုင်းအကျဉ်းဖြစ်ပါသည်။
၁၉၅၂-ခုနှစ်(ပထမ အကြိမ်)
အကယ်ဒမီ ပေးခြင်း မရှိပါ။
၁၉၆၄-ခုနှစ်(၁၃-ကြိမ်)
အကယ်ဒမီ ပေးခြင်း မရှိပါ။
၁၉၈၉ ခုနှစ်(၃၈-ကြိမ်)
၁၉၉၀-ခုနှစ် (၃၉-ကြိမ်)
၂၀၀၇-ခုနှစ် (၅၆-ကြိမ်)
၂၀၀၉-ခုနှစ် (၅၈-ကြိမ်)
အမျိုးသမီးဇာတ်ဆောင်ဆု နှင့် အမျိုးသား ဇာတ်ပို့ ဆုတို့ကို ပေးအပ်နိုင်ခြင်းမရှိခဲ့ပေ .... ။
မှတ်ချက် - http://wikimyanmar.co.cc ဆိုဒ်ရှိ မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုလင့်မှကူးယူဖော်ပြသည်။
- ပထမအကောင်းဆုံးဇာတ်ကားဆု - (ရွှေကိန္နရီရုပ်)
- ဒုတိယအကောင်းဆုံးဇာတ်ကားဆု - (ငွေဒေါင်းရုပ်)
- တတိယအကောင်းဆုံးဇာတ်ကားဆု - (ကြေးခြင်္သေ့ရုပ်)
- အကောင်းဆုံးအမျိုးသားပညာသည်ဆု - (ရွှေရင်ထိုး)
- အကောင်းဆုံးအမျိုးသမီးပညာသည်ဆု - (ရွှေရင်ထိုး)
မြန်မာနိုင်ငံတွင် ပထမဆုံး ဆုချီးမြှင့်ခြင်း ခံရသည့် ဇာတ်ကားမှာ အေ၀မ်းဖလင်မှ ဒါရိုက်တာမောင်တင်မောင် ရိုက်ကူးသော ‘ချစ်သက်ဝေ’ ဇာတ်ကားဖြစ်သည်။ အဆိုပါဇာတ်ကားတွင် သရုပ်ဆောင်ကြည်ကြည်ဌေးမှာ မြန်မာ့ပထမဆုံး အမျိုးသမီးထူးချွန်ဆုကို ရရှိခဲ့သည်။
၁၉၅၄-ခုနှစ်တွင် ပထမဆုံးချီးမြှင့်သော ဒါရိုက်တာထူးချွန်ဆုကို ‘သြော်မိန်းမ’ ဇာတ်ကားရိုက်ကူးသူ ဦးသုခမှ ရရှိခဲ့သည်။ အဆိုပါဇာတ်ကားဖြင့်ပင် ဦးသုခသည် အကောင်းဆုံးဇာတ်ကားဆု (ဒုတိယ) ကိုရရှိခဲ့သည်။
၁၉၅၅-ခုနှစ်တွင် ဇာတ်ကားထူးချွန်ဆုကို ပထမ၊ ဒုတိယ၊ တတိယ မခွဲတော့ဘဲ အကောင်းဆုံး ဇာတ်ကားဆု တစ်ဆုတည်းကိုသာ ချီးမြှင့်ခဲ့သည်။ အမျိုးသားပညာသည်ဆု ၊ အမျိုးသမီးပညာသည်ဆု၊ ဒါရိုက်တာဆုများကို ပေးအပ်နေခြင်းဖြစ်ရာ အထူးဆုအနေဖြင့် ၀င်းမော်မှ ‘ဖိုးပြုံးချို’ ဇာတ်ကားဖြင့် ၁၉၅၅-ခုနှစ်တွင် ပထမဆုံးချီးမြှင့်ခြင်း ခံရပြန်သည်။
၁၉၅၆-ခုနှစ်တွင် အကောင်းဆုံး ရုပ်ရှင်ဓါတ်ပုံဆုအဖြစ် ထပ်တိုးချီးမြှင့်ခဲ့ပြီး ဦးချစ်ဖွယ်မှ ‘လွမ်းငွေ့တဝေေ၀’ ဇာတ်ကားဖြင့် ရရှိခဲ့သည်။
၁၉၆၂-ခုနှစ်တွင် ထူးထူးခြားခြားစတင်ပေးအပ်ခဲ့သည့် ဆုမှာ ဇာတ်ပို့ဆုဖြစ်သည်။ ဇာတ်တစ်ခုလုံးကို အထမြောက်အောင် ပို့ပေးရသော သရုပ်ဆောင်များအဖြစ် ဦးကျောက်လုံး နှင့် ဒေါ်မေနွဲ့ တို့မှ ‘အတွေ့’ ဇာတ်ကားကြီးဖြင့် အကောင်းဆုံး ဇာတ်ပို့ဆုများ အဦးဆုံး ရရှိခဲ့ကြပါသည်။
မှတ်မှတ်ရရ ရုပ်ရှင်သမိုင်းတွင် ချန်လှပ်ထားမရသော သရုပ်ဆောင်မှာ အောင်ထွန်းလေး ဖြစ်သည်။ အောင်ထွန်းလေးသည် ၁၉၇၇-ခုနှစ်တွင် ‘အဖေတစ်ခု သားတစ်ခု’ ဇာတ်ကားဖြင့် ပထမဆုံးကလေးသရုပ်ဆောင် ဆုကိုရရှိခဲ့သည်။
၁၉၉၁-ခုနှစ်တွင် ရွှေကိန္နရီရွှေစင်ရုပ်ဆု အပြင် ငွေသားနှစ်သောင်းကို ချီးမြှင့်ခဲ့သည်။ ဇာတ်ကားတစ်ကားတွင် အများဆုံး အထောက်အပံ့ ပေးနိုင်သော ဆုတစ်ဆုရှိသည်။ ထိုဆုမှာ ပရိသတ် ကို ငိုအောင် ရီအောင် ၊ ရင်ခုန်လှုပ်ရှားမှုကို သရုပ်ဖော်သည့် တေးဂီတဆုဖြစ်သည်။ အဆိုပါဆုကို မြန်မာ့နိုင်ငံ၏ ဂီတဖခင်ကြီး တစ်ဦးဖြစ်သည့် ဂီတလုလင် မောင်ကိုကို မှ ၁၉၉၁-ခုနှစ်တွင် ‘ မယ်သီတာလို မိန်းကလေး’ ဇာတ်ကားဖြင့် ပထမဆုံး ရရှိခဲ့သည်။
၁၉၉၃-ခုနှစ်တွင် ငွေသားနှစ်သောင်းကို ချီးမြှင့်ခြင်း မပြုတော့ဘဲ ရွှေကိန္နရီရုပ်တွင် တပ်ဆင်သော ငွေကြယ်အစား ရွှေသားအစစ်ဖြင့် ပြုလုပ်ထားသော ရွှေကြယ်ကို တပ်ဆင်ချီးမြှင့်ခဲ့သည်။
ရှားရှားပါးပါး ပရိသတ်သတိမထားနိုင်သည့် ပညာသည်ဆုတစ်ဆုကို ၁၉၉၄-ခုနှစ်တွင် ရုပ်ရှင်သမိုင်း၌ ထပ်တိုးချီးမြှင့် ခဲ့သေးသည်။ ထိုဆုမှာ ရုပ်ရှင်အသံဆုဖြစ်သည်။ ပထမဆုံးရုပ်ရှင် အသံဆုကို ဦးခင်ဦးမှ ‘သရဖူ’ဇာတ်ကားဖြင့် ရရှိခဲ့သည်။
ဇာတ်ကားတစ်ကားလုံး အကောင်းဆုံးကြည့်ရှုနိုင်အောင် အပြတ်အတောက်မရှိအောင် စွမ်းဆောင်ပေးနေသော သူများမှာ ရုပ်ရှင်ဇာတ်ကားတည်းဖြတ်သူများဖြစ်သည်။ ရုပ်ရှင်ဇာတ်ကားတစ်ကား၏ အဆင့်အတန်းကို ဖော်ပြနေသော တည်းဖြတ် ဆုကို ၁၉၉၇-ခုနှစ်တွင် ချီးမြှင့်ခဲ့ပြီး ဦးမြင့်ခိုင်(မော်ကွန်းရုပ်ရှင်)မှ ‘သူ့ကျွန်မခံပြီ’ ဇာတ်ကားဖြင့် ပထမဆုံးရရှိခဲ့သည်။
ယခုဖော်ပြခဲ့သော အကြောင်းအရာများသည် မြန်မာ့ရုပ်ရှင်သမိုင်းခေတ်အဆက်ဆက် ပထမအကြိမ် ချီးမြှင့်ခံခဲ့သော ဆုတစ်ခုခြင်းစီ၏ သမိုင်းအကျဉ်းဖြစ်ပါသည်။
- ဇာတ်ကားဆု - ချစ်သက်ဝေ(ပထမဆု) – အေ၀မ်း ကုမ္ပဏီ
- ဇာတ်ကားဆု- မယားနဲ့လူပျို (ဒုတိယဆု) – အောင်ဇေယျ ကုမ္ပဏီ
- ဇာတ်ကားဆု- ချစ်၍ခေါ်ရာ (တတိယဆု) – ဗြိတိသျှဘားမား ကုမ္ပဏီ
- အမျိုးသားပညာသည်ဆု - ဦးကျော်ဝင်း - (မာလာရီ)ဇာတ်ကား
- အမျိုးသမီးပညာသည်ဆု - ကြည်ကြည်ဌေး - (ချစ်သက်ဝေ)ဇာတ်ကား
- ဇာတ်ကားဆု - ရတနာပုံ (ပထမဆု) -အေ၀မ်း ကုမ္ပဏီ
- ဇာတ်ကားဆု- သည်ဆောင်းဟေမာန် (ဒုတိယဆု)- ဗြိတိသျှဘားမား ကုမ္ပဏီ
- ဇာတ်ကားဆု- မြေ၀၀န် (တတိယဆု) -အေ၀မ်း ကုမ္ပဏီ
- အမျိုးသားပညာသည်ဆု- အေဝမ်း ဦးတင်မောင် - (ရတနာပုံ)ဇာတ်ကား
- အမျိုးသမီးပညာသည်ဆု -မေမြင့် - (ပွဲခါညောင်ရေ)ဇာတ်ကား
- ဇာတ်ကားဆု - သြော်မိန်းမ (ဒုတိယဆု)- ဗြိတိသျှဘားမား ကုမ္ပဏီ
- ဇာတ်ကားဆု- အကျော်အမော် (တတိယဆု) - အေ၀မ်း ကုမ္ပဏီ
- ဒါရိုက်တာဆု - ဦးသုခ - (သြော်မိန်းမ)ဇာတ်ကား
- အမျိုးသမီးပညာသည်ဆု - အမေပု - (မေမေ)ဇာတ်ကား
- ဇာတ်ကားဆု - ဖိုးပြုံးချို - ရွှေဝယ်သီရိ ကုမ္ပဏီ
- ဒါရိုက်တာဆု - ဦးချင်းစိန် - (ကိုယ့်ရင်သွေး)ဇာတ်ကား
- အမျိုးသားပညာသည်ဆု - ဖိုးပါကြီး - (ဖိုးပြုံးချို)ဇာတ်ကား
- အမျိုးသမီးပညာသည်ဆု - မေလွင် - (ချစ်မမ)ဇာတ်ကား
- အထူးဆု - ၀င်းမာ - (ဖိုးပြုံးချို)ဇာတ်ကား
- ဇာတ်ကားဆု - (ဘ၀သံသရာ)ဇာတ်ကား - မန္တလေးရုပ်ရှင်
- ဒါရိုက်တာဆု - ဦးသုခ - (ဘ၀သံသရာ)ဇာတ်ကား
- အမျိုးသားပညာသည်ဆု - ဇေယျ - (ဘ၀သံသရာ)ဇာတ်ကား
- အမျိုးသမီးပညာသည်ဆု - ကြည်ကြည်ဌေး - (ချစ်ခွင့်မပိုင်)ဇာတ်ကား
- ရုပ်ရှင်ဓါတ်ပုံဆု - ဦးချစ်ဖွယ် - (လွမ်းငွေ့တဝေေ၀)ဇာတ်ကား
- ဇာတ်ကားဆု - (ဒေါက်တာအောင်ကျော်ဦး)ဇာတ်ကား -ဗြိတိသျှဘားမား ကုမ္ပဏီ
- ဒါရိုက်တာဆု- ရွှေဒုံးဘီအောင်- (ဒေါက်တာအောင်ကျော်ဦး)ဇာတ်ကား
- အမျိုးသားပညာသည်ဆု - ထွန်းဝေ - (ဗိုလ်မြဒင်)ဇာတ်ကား
- အမျိုးသမီးပညာသည်ဆု-မြင့်မြင့်ခင်-(ချစ်ညီမ)ဇာတ်ကား
- ရုပ်ရှင်ဓါတ်ပုံဆု-ဦးထွန်းလှိုင်- (မြပန်းဝတ်ရည်)ဇာတ်ကား
- ဇာတ်ကားဆု-(စွဲတဲ့မေတ္တာအိမ်မက်)- မြဇော်ရုပ်ရှင်
- ဒါရိုက်တာဆု-ဦးချစ်ခင်-(ဖြေလျော့ခွေ)ဇာတ်ကား
- အမျိုးသားပညာသည်ဆု- ဦးကျော်သောင်း- (ဖြေလျော့ခွေ)ဇာတ်ကား
- အမျိုးသမီးပညာသည်ဆု - မြင့်မြင့်ခင်- (ဖြေလျော့ခွေ)ဇာတ်ကား
- ရုပ်ရှင်ဓါတ်ပုံဆု- ဦးထွန်းမြင့် -(စွဲတဲ့မေတ္တာ)ဇာတ်ကား
- ဇာတ်ကားဆု-(ချစ်တော့ချစ်တယ်)ဇာတ်ကား- စန်းသော်တာရုပ်ရှင်
- ဒါရိုက်တာဆု- သာဓု- (ကကြီးရေ က)ဇာတ်ကား
- အမျိုးသားပညာသည်ဆု - ထွန်းဝေ- (ကကြီးရေ က)ဇာတ်ကား
- အမျိုးသမီးပညာသည်ဆု- မြတ်မွန်- (ကကြီးရေ က)ဇာတ်ကား
- အမျိုးသမီးပညာသည်ဆု- ဒေါ်ခင် - (ကကြီးရေ က)ဇာတ်ကား
- ရုပ်ရှင်ဓါတ်ပုံဆု - ဦးဘကြည်- (ဗိုလ်အောင်နိုင်)ဇာတ်ကား
- ဇာတ်ကားဆု -(ရေမြေဆုံးတိုင်)ဇာတ်ကား- မန္တလေးရုပ်ရှင်
- ဒါရိုက်တာဆု- သာဓု- (အငိုလွယ်သည်)ဇာတ်ကား
- အမျိုးသားပညာသည်ဆု - မောင်သင်- (ရေမြေဆုံးတိုင်)ဇာတ်ကား ၊ (ချစ်သွေးသစ္စာ)ဇာတ်ကား ၊ (စိုးပါနဲ့မေ)ဇာတ်ကား
- အမျိုးသမီးပညာသည်ဆု - မေသစ်- (မေတ္တာရွှေရည်)ဇာတ်ကား
- ရုပ်ရှင်ဓါတ်ပုံဆု- ဦးတင်ယု- (မေတ္တာရွှေရည်)ဇာတ်ကား
- ဇာတ်ကားဆု- (ကိုယ်ပိုင်မေတ္တာ)ဇာတ်ကား-မန္တလေးရုပ်ရှင်
- ဒါရိုက်တာဆု- တက္ကသိုလ်ဝင်းဖေ- (ပြည်တန်တဲ့ကျည်ဆံ)ဇာတ်ကား
- အမျိုးသားပညာသည်ဆု -မြတ်လေး -(အမုန်းနောက်ဝယ်)ဇာတ်ကား
- အမျိုးသမီးပညာသည်ဆု- ခင်ယုမေ- (ကိုယ်ပိုင်မေတ္တာ)ဇာတ်ကား
- ရုပ်ရှင်ဓါတ်ပုံဆု- ဦးမောင်ကလေး/ဦးပေါ - (ကိုယ်ပိုင်မေတ္တာ)ဇာတ်ကား
- အမျိုးသမီးဇာတ်ဆောင်ဆု - သီသီ- (အတွေ့)ဇာတ်ကား
- အမျိုးသားဇာတ်ပို့ဆု- ဦးကျောက်လုံး-(အတွေ့)ဇာတ်ကား
- အမျိုးသမီးဇာတ်ပို့ဆု - ဒေါ်မေနွဲ့- (ရွှေရင်သိမ်းသစ်) ဇာတ်ကား
အကယ်ဒမီ ပေးခြင်း မရှိပါ။
၁၉၆၄-ခုနှစ်(၁၃-ကြိမ်)
- အမျိုးသားဇတ်ပို့ဆု - ဦးကျောက်လုံး - (ရင်ဝယ်တစ်သိမ့်သိမ့်)ဇာတ်ကား
- အမျိုးသမီးဇာတ်ပို့ဆု - ဒေါ်မေသစ် - (ရင်ဝယ်တစ်သိမ့်သိမ့်)ဇာတ်ကား
- ရုပ်ရှင်ဓါတ်ပုံဆု - ဦးဘကြည် - (ချိန်းမိလေသောည) ဇာတ်ကား
- အမျိုးသမီးဇာတ်ဆောင်ဆု - ဝါဝါဝင်းရွှေ- (ချစ်သမီး) ဇာတ်ကား
- အမျိုးသားဇာတ်ပို့ဆု - ဦးကျောက်လုံး - (ချစ်သမီး) ဇာတ်ကား
- အမျိုးသမီးဇတ်ပို့ဆု - တင်တင်မူ - (သဲလွန်စ) ဇာတ်ကား
- ဇာတ်ကားဆု - (ဆောင်း) ဇာတ်ကား- အေ၀မ်းရုပ်ရှင်
- အမျိုးသမီးဇာတ်ဆောင်ဆု - စံရှားတင် -(ဆောင်း) ဇာတ်ကား
- အမျိုးသားဇာတ်ပို့ဆု -စိုးရွှေ - (မြေမှာပွင့်သောမေတ္တာပန်း) ဇာတ်ကား
- ဒါရိုက်တာဆု - အေဝမ်း ဦးတင်မောင် - (ကိုယ်ရယ်တိုးရယ်စိုးစိုးရယ်) ဇာတ်ကား
- အမျိုးသားဇာတ်ဆောင်ဆု - ဝင်းဦး - (ဆောင်းအိမ်မက်) ဇာတ်ကား
- အမျိုးသမီးဇာတ်ဆောင်ဆု - ခင်သန်းနု - (ကိုယ်ရယ်တိုးရယ်စိုးစိုးရယ်) ဇာတ်ကား
- ဇာတ်ကားဆု - (စကားပြောသောအသည်နှလုံး)ဇာတ်ကား- သုခရုပ်ရှင်
- ဒါရိုက်တာဆု - ဦးသုခ -(စကားပြောသောအသည်နှလုံး)ဇာတ်ကား
- အမျိုးသားဇာတ်ဆောင်ဆု - ညွှန့်ဝင်း- (ဗန်တိုလူလေးနှင့် သူဇာ) ဇာတ်ကား
- အမျိုးသမီးဇာတ်ဆောင်ဆု - စန္ဒာ (နှစ်မွှာအသည်း) ဇာတ်ကား
- အမျိုးသားဇာတ်ပို့ဆု - ဦးသိန်းမောင် -(စကားပြောသောအသည်နှလုံး)ဇာတ်ကား
- အမျိုးသမီးဇာတ်ပို့ဆု - ခင်မိုးမိုး - (အပယ်ရတနာ) ဇာတ်ကား
- ရုပ်ရှင်ဓါတ်ပုံဆု - ဦးသန်းမောင် - (နှစ်မွှာအသည်း) ဇာတ်ကား
- အမျိုးသားဇာတ်ဆောင်ဆု - ကောလိပ်ဂျင်နေ၀င်း- (ပယင်းရောင်) ဇာတ်ကား
- အမျိုးသမီးဇာတ်ဆောင်ဆု - ၀ါဝါ၀င်းရွှေ - (ချောင်းကိုပစ်၍ မေတ္တာရှာ) ဇာတ်ကား
- အမျိုးသမီးဇာတ်ပို့ဆု - ဒေါ်သိန်းရှင် - (အသက်ကိုနှင်း) ဇာတ်ကား
- ရုပ်ရှင်ဓါတ်ပုံဆု - ဦးစံအေး - (မေတ္တာကိုယ်စားနှင်းပါ့မယ်) ဇာတ်ကား
- ဇာတ်ကားဆု - (မှုံရွှေရည်)ဇာတ်ကား - အပေါင်းလက္ခဏာရုပ်ရှင်
- ဒါရိုက်တာဆု - ဦးသုခ - (ကျွန်မမှာမိန်းမသား)ဇာတ်ကား
- အမျိုးသားဇာတ်ဆောင်ဆု - ဝင်းဦး - (မှုံရွှေရည်)ဇာတ်ကား
- အမျိုးသားဇာတ်ဆောင်ဆု- တင်တင်နွဲ့ - (ကျွန်မမှာမိန်းမသား) ဇာတ်ကား
- အမျိုးသားဇာတ်ပို့ဆု- ဗိုလ်ဗကို - (သီတာပြုံး) ဇာတ်ကား
- အမျိုးသမီးဇာတ်ပို့ဆု - ကြည်ကြည်ဌေး - (နုနုငယ်ငယ်) ဇာတ်ကား
- ရုပ်ရှင်ဓါတ်ပုံဆု - ဦးစံအေး - (လကွယ်မိုးနှောင်း) ဇာတ်ကား
- ဒါရိုက်တာဆု- မောင်ဝဏ္ဏ -(ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း) ဇာတ်ကား
- အမျိုးသားဇာတ်ဆောင်ဆု - ညွှန့်ဝင်း- (ချစ်သူဝိုင်းဝိုင်းလည်)ဇာတ်ကား
- အမျိုးသမီးဇာတ်ဆောင်ဆု - ဒေစီကျော်ဝင်း- (အားနွဲ့သူပါရှင်) ဇာတ်ကား
- အမျိုးသားဇာတ်ပို့ဆု - ဗိုလ်ဗကို - (တစ်ကွေ့တစ်ကမ္ဘာ) ဇာတ်ကား
- အမျိုးသမီးဇာတ်ပို့ဆု - အေးအေးသင်း - (မာယာထောင်ချောက်) ဇာတ်ကား
- ရုပ်ရှင်ဓါတ်ပုံဆု - ဆန်နီတင် - (တခြားကမ္ဘာကချစ်သူရယ်) ဇာတ်ကား
- ဒါရိုက်တာဆု - မောင်တင်ဦး - (နေထွက်သောည) ဇာတ်ကား
- ရုပ်ရှင်ဓါတ်ပုံဆု -ဦးလှဖေ -(နေထွက်သောည) ဇာတ်ကား
- ဇာတ်ကားဆု - (ဘယ်သူပြိုင်လို့လှပါတော့နိုင်) - သုခရုပ်ရှင်
- ဒါရိုက်တာဆု- ဦးသုခ - (ဘယ်သူပြိုင်လို့လှပါတော့နိုင်) ဇာတ်ကား
- အမျိုးသမီးဇာတ်ဆောင်ဆု - မြင့်မြင့်ခင်- (မုန်းပါတယ်မောင့်ကို) ဇာတ်ကား
- အမျိုးသားဇာတ်ပို့ဆု - အံ့ကျော် -(ဘယ်သူပြိုင်လို့လှပါတော့နိုင်) ဇာတ်ကား
- အမျိုးသမီးဇာတ်ပို့ဆု - အေးအေးသင်း - (ဇာခန်းဆီးနောက်ကွယ်မှာ) ဇာတ်ကား
- ရုပ်ရှင်ဓါတ်ပုံဆု - ဦးစံမြင့်- (အိမ်မက်တံတား) ဇာတ်ကား
- အမျိုးသမီးဇာတ်ဆောင်ဆု - နွဲ့နွဲ့မူ -(နော်ကူးမ) ဇာတ်ကား
- အမျိုးသားဇာတ်ပို့ဆု - အောင်လွင် -(နော်ကူးမ) ဇာတ်ကား
- ဇာတ်ကားဆု - (ရွှေချည်ငွေချည်တန်းပါလို့) - မင်းသူရိန်ရုပ်ရှင်
- ဒါရိုက်တာဆု- ဦးသုခ - (ရွှေချည်ငွေချည်တန်းပါလို့) ဇာတ်ကား
- အမျိုးသမီးဇာတ်ဆောင်ဆု - ခင်ယုမေ- (ရွှေချည်ငွေချည်တန်းပါလို့)ဇာတ်ကား
- အမျိုးသားဇာတ်ပို့ဆု -မြင့်နိုင် - (ကျေးဂျူးကဘာ) ဇာတ်ကား
- အမျိုးသမီးဇာတ်ပို့ဆု - ဒေါ်မေနွဲ့- (ရွှေချည်ငွေချည်တန်းပါလို့) ဇာတ်ကား
- ရုပ်ရှင်ဓါတ်ပုံဆု - ဆန်နီတင်- (ကျွန်တော်နှင့်ကိုဘကျော်) ဇာတ်ကား
- ဇာတ်ကားဆု- (နှလုံးသားနဲ့စစ်တာဝန်)- ပြည်ကျော်ရုပ်ရှင်
- ဒါရိုက်တာဆု- စိန်ဖေတင်- (နှလုံးသားနဲ့စစ်တာဝန်) ဇာတ်ကား
- အမျိုးသမီးဇာတ်ပို့ဆု- ဒေါ်မေသစ် -(နွဲ့မျိုးစုံလင်နွဲ့လိုက်ချင်) ဇာတ်ကား
- ရုပ်ရှင်ဓါတ်ပုံဆု - ဦးစန်းမောင် - (ကျွန်းကလေးမှာနှစ်ယောက်ထဲ) ဇာတ်ကား
- အမျိုးသားဇာတ်ဆောင်ဆု -စိန်မြင့် - (အဖေတစ်ခုသားတစ်ခု)ဇာတ်ကား
- အမျိုးသမီးဇာတ်ဆောင်ဆု- ၀ါဝါ၀င်းရွေ - (မိန်းကလေးရှင်ရဲ့ ဆန္ဒ)ဇာတ်ကား
- အမျိုးသမီးဇာတ်ပို့ဆု - ဆွေဇင်ထိုက်- (မိန်းကလေးရှင်ရဲ့ ဆန္ဒ)ဇာတ်ကား
- ရုပ်ရှင်ဇာတ်ပို့ဆု - ဦးပန်းအေး - (နေခြည်ဖြာမှ နွေးသောကြောင့်)ဇာတ်ကား
- ကလေးသရုပ်ဆောင်ဆု - အောင်ထွန်းလေး - (အဖေတစ်ခုသားတစ်ခု)ဇာတ်ကား
- ဒါရိုက်တာဆု- မောင်တင်ဦး- (တစ်ခါကတစ်ဘ၀)ဇာတ်ကား
- အမျိုးသမီးဇာတ်ဆောင်ဆု - ခင်သီတာထွန်း- (တစ်ခါကတစ်ဘ၀)ဇာတ်ကား
- အမျိုးသားဇာတ်ပို့ဆု - ဖိုးပါကြီး - (တစ်ခါကတစ်ဘ၀)ဇာတ်ကား
- အမျိုးသမီးဇာတ်ပို့ဆု - ဒေါ်ကြည်ကြည်ဌေး -(လူဇော်)ဇာတ်ကား
- ရုပ်ရှင်ဓါတ်ပုံဆု - ဦးတင်ဝင်း- (တစ်ခါကတစ်ဘ၀)ဇာတ်ကား
- အထူးဆု - အင်္ဂလန်စိန် - (မေတ္တာရှင်မလေး ငြိမ်းငြိမ်းအိ)ဇာတ်ကား
- အမျိုးသားဇာတ်ဆောင်ဆု - ကျော်ဟိန်း - (အကာကအချစ် အနှစ်ကမေတ္တာ)ဇာတ်ကား
- အမျိုးသမီးဇာတ်ဆောင်ဆု - ချိုပြုံး - (ချစ်အမျှ)ဇာတ်ကား
- အမျိုးသားဇာတ်ပို့ဆု - ကောလိပ်ဂျင်နေဝင်း - (အကာကအချစ် အနှစ်ကမေတ္တာ)ဇာတ်ကား
- အမျိုးသမီးဇာတ်ပို့ဆု - ဒေါ်စိန်ခင် - (အကာကအချစ် အနှစ်ကမေတ္တာ)ဇာတ်ကား
- ရုပ်ရှင်ဓါတ်ပုံဆု - ဦးစန်းမောင် - (ကျော်ကိုချစ်လား ဇော့်ကိုချစ်မလား)ဇာတ်ကား
- ဇာတ်ကားဆု -(ကြည်ပြာ)ဇာတ်ကား- ယမုံနာရုပ်ရှင်
- ဒါရိုက်တာဆု - ကြီးမြင့် - (ကြည်ပြာ)ဇာတ်ကား
- အမျိုးသမီးဇာတ်ဆောင်ဆု - မေ၀င်းမောင် - (ကြည်ပြာ)ဇာတ်ကား
- အမျိုးသားဇာတ်ပို့ဆု - မောင်စိမ်းအောင် - (မှတပါးအခြားမရှိပြီ)ဇာတ်ကား
- အမျိုးသမီးဇာတ်ပို့ဆု - မြင့်မြင့်ခင် - (မှတပါးအခြားမရှိပြီ)ဇာတ်ကား
- ရုပ်ရှင်ဓါတ်ပုံဆု - ချစ်မင်းလူ - (နွေရူပ)ဇာတ်ကား
- ဒါရိုက်တာဆု - ၀င်းဖေ - (နှင်းဆီနီအိမ်မက်) ဇာတ်ကား
- အမျိုးသမီးဇာတ်ဆောင်ဆု - တင်တင်ညို - (ငယ်နာမည်အညို) ဇာတ်ကား
- အမျိုးသမီးဇာတ်ပို့ဆု - မေယု- (နှင်းဆီနီအိမ်မက်) ဇာတ်ကား
- ရုပ်ရှင်ဓါတ်ပုံဆု - ဦးစန်းမောင် - (အပြန်လမ်း) ဇာတ်ကား
- အမျိုးသားဇာတ်ဆောင်ဆု - ကျော်ဟိန်း - (မွန်းတည့်ချိန်တွင် နေ၀င်သည်)ဇာတ်ကား
- အမျိုးသမီးဇာတ်ဆောင်ဆု - ချိုပြုံး - (မွန်းတည့်ချိန်တွင် နေ၀င်သည်)ဇာတ်ကား
- အမျိုးသားဇာတ်ပို့ဆု - နေအောင် - (မီလာရှီကာ စိုင်းဗေဒါ)ဇာတ်ကား
- အမျိုးသမီးဇာတ်ပို့ဆု -ခိုင်ခင်ဦး (မေတ္တာအင်္သချေ)ဇာတ်ကား
- ရုပ်ရှင်ဓါတ်ပုံဆု - အောင်မြင့်ဦး - (မီလာရှီကာ စိုင်းဗေဒါ)ဇာတ်ကား
- ဒါရိုက်တာဆု- ထွန်းမြင့်ထွန်း- (က္ကတ္ထိရခေါ် မိန်းမတို့သည်)ဇာတ်ကား
- အမျိုးသားဇာတ်ဆောင်ဆု - ညွှန့်ဝင်း- (တတိယအရွယ်၏ ဒုတိယဝေဒနာ)ဇာတ်ကား
- အမျိုးသမီးဇာတ်ဆောင်ဆု - ခင်သီတာထွန်း- (က္ကတ္ထိရခေါ် မိန်းမတို့သည်)ဇာတ်ကား
- အမျိုးသားဇာတ်ပို့ဆု - ထွန်းဝေ - (တတိယအရွယ်၏ ဒုတိယဝေဒနာ)ဇာတ်ကား
- အမျိုးသမီးဇာတ်ပို့ဆု - စံရှားတင် -(စိမ်းနဲ့တေဇာ)ဇာတ်ကား
- ရုပ်ရှင်ဓါတ်ပုံဆု - ဦးစံအေး- (ဗိုလ်သံခဲ) ဇာတ်ကား
- အမျိုးသားဇာတ်ပို့ဆု - မြတ်လေး - (ရင်ထဲမှာရွာသောမိုး) ဇာတ်ကား
- အမျိုးသမီးဇာတ်ပို့ဆု - မို့မို့မြင့်အောင် - (နှလုံးသားမြို့တော်) ဇာတ်ကား
- ရုပ်ရှင်ဓါတ်ပုံဆု - ချစ်မင်းလူ - (နှလုံးသားမြို့တော်) ဇာတ်ကား
- ဇာတ်ကားဆု - (သင်္ကြန်မိုး)ဆေးရောင်စုံ ဇာတ်ကား - သူရိယပညာရုပ်ရှင်
- ဒါရိုက်တာဆု - မောင်တင်ဦး - (သင်္ကြန်မိုး)ဆေးရောင်စုံ ဇာတ်ကား
- အမျိုးသားဇာတ်ဆောင်ဆု - နေအောင် -(ပန်းသီတဲ့ကြိုး)ဇာတ်ကား
- အမျိုးသမီးဇာတ်ဆောင်ဆု - ခင်သီတာထွန်း - (ပန်းသီတဲ့ကြိုး) ဇာတ်ကား
- အမျိုးသားဇာတ်ပို့ဆု - ထွန်းထွန်းနိုင် -(ချစ်မီးလျှံထဲကမေချို)ဇာတ်ကား
- အမျိုးသမီးဇာတ်ပို့ဆု -ခင်စိုးပိုင် -(ပန်းသီတဲ့ကြိုး) ဇာတ်ကား
- ရုပ်ရှင်ဓါတ်ပုံဆု - ချစ်မင်းလူ - (သင်္ကြန်မိုး)ဆေးရောင်စုံ ဇာတ်ကား
အကယ်ဒမီ ပေးခြင်း မရှိပါ။
၁၉၈၉ ခုနှစ်(၃၈-ကြိမ်)
- ဇာတ်ကားဆု - (ဒိုး)ဇာတ်ကား - အမျိုးသားရုပ်ရှင်
- ဒါရိုက်တာဆု - ကြည်စိုးထွန်း - (ဒိုး)ဇာတ်ကား
- အမျိုးသားဇာတ်ဆောင်ဆု - ကျော်ဟိန်း - (ပန်းမြိုင်လယ်က ဥယျာဉ်မှူး) ဇာတ်ကား
- အမျိုးသမီးဇာတ်ဆောင်ဆု - မို့မို့မြင့်အောင် - (ခပ်စိမ်းစိမ်းပဲနေပါမယ်)ဆေးရောင်စုံ ဇာတ်ကား
၁၉၉၀-ခုနှစ် (၃၉-ကြိမ်)
- ဒါရိုက်တာဆု - မောင်ဝဏ္ဏ - (ခုနစ်စဉ်အလွမ်း)ဇာတ်ကား
- အမျိုးသားဇာတ်ဆောင်ဆု- သုမောင် - (ခုနစ်စဉ်အလွမ်း)ဇာတ်ကား
- အမျိုးသမီးဇာတ်ဆောင်ဆု- ခင်သန်းနု - (ခုနစ်စဉ်အလွမ်း)ဇာတ်ကား
- အမျိုးသားဇာတ်ပို့ဆု - ဇော်လွင်-(အရိုင်းစံပယ်)ဆေးရောင်စုံ ဇာတ်ကား
- ရုပ်ရှင်ဓါတ်ပုံဆု - ဦးကြည် - (အချစ်ဆုံးသူရဲ့ရင်မှာ) ဆေးရောင်စုံ ဇာတ်ကား
- အမျိုးသားဇာတ်ဆောင်ဆု - ရန်အောင် - (မယ်သီတာလိုမိန်းကလေး)ဆေးရောင်စုံ ဇာတ်ကား
- အမျိုးသမီးဇာတ်ဆောင်ဆု - မို့မို့မြင့်အောင် - (သမီးနှင့်အမေများ)ဆေးရောင်စုံ ဇာတ်ကား
- အမျိုးသမီးဇာတ်ပို့ဆု - မြင့်မြင့်ခိုင် - (သမီးနှင့်အမေများ)ဆေးရောင်စုံ ဇာတ်ကား
- ရုပ်ရှင်ဓါတ်ပုံဆု - ဦးပန်းအေး - (ဒဏ္ဍာရီ)ဆေးရောင်စုံ ဇာတ်ကား
- ရုပ်ရှင်တေးဂီတဆု - ဂီတလုလင်မောင်ကိုကို - (မယ်သီတာလိုမိန်းကလေး)ဆေးရောင်စုံ ဇာတ်ကား
- အမျိုးသမီးဇာတ်ဆောင်ဆု - မေသန်းနု -(မူပိုင်ချစ်သူ)ဆေးရောင်စုံ ဇာတ်ကား
- ရုပ်ရှင်ဓါတ်ပုံဆု - ဦးသန်းမောင် - (သခွတ်ပန်း)ဆေးရောင်စုံ ဇာတ်ကား
- ရုပ်ရှင်တေးဂီတဆု - ထရမ်းပက်ဝင်းဦး -(ခိုင်မာလာနှင်းဆီ)ဆေးရောင်စုံ ဇာတ်ကား
- ဇာတ်ကားဆု - (သီတာခုနစ်တန်)ဆေးရောင်စုံ ဇာတ်ကား - ခိုင်သဇင်ရုပ်ရှင်
- ဒါရိုက်တာဆု - မောင်နန္ဒ - (သီတာခုနစ်တန်)ဆေးရောင်စုံ ဇာတ်ကား
- အမျိုးသားသရုပ်ဆောင်ဆု - ရဲအောင် - (မြစ်တို့၏မာယာ)ဆေးရောင်စုံ ဇာတ်ကား
- အမျိုးသမီးသရုပ်ဆောင်ဆု - ဇင်မာဦး - (သီတာခုနစ်တန်)ဆေးရောင်စုံ ဇာတ်ကား
- အမျိုးသားဇာတ်ပို့ဆု - ညွှန့်ဝင်း -(သီတာခုနစ်တန်)ဆေးရောင်စုံ ဇာတ်ကား
- အမျိုးသမီးဇာတ်ပို့ဆု - စမ်းစမ်းအေး - (စိန်ခေါ်နေတဲ့အချစ်)ဆေးရောင်စုံ ဇာတ်ကား
- ရုပ်ရှင်ဓါတ်ပုံဆု - ဦးသန်းညွှန့်(ပန်းသာ) - (မြစ်တို့၏မာယာ)ဆေးရောင်စုံ ဇာတ်ကား
- ဇာတ်ကားဆု-(တပြည်သူမရွှေထား)ဆေးရောင်စုံ ဇာတ်ကား -စင်ရော်ရုပ်ရှင်
- ဒါရိုက်တာဆု - စင်ရော်မောင်မောင် - (တပြည်သူမရွှေထား)ဆေးရောင်စုံ ဇာတ်ကား
- အမျိုးသားဇာတ်ဆောင်ဆု - ကျော်သူ- (တပြည်သူမရွှေထား)ဆေးရောင်စုံ ဇာတ်ကား
- အမျိုးသမီးဇာတ်ဆောင်ဆု -စိုးမြတ်သူဇာ - (နော်ရင်မွှေး)ဆေးရောင်စုံ ဇာတ်ကား
- အမျိုးသမီးဇာတ်ဆောင်ဆု - မို့မို့မြင့်အောင် - (မသုဓမစာရီ)ဆေးရောင်စုံ ဇာတ်ကား
- အမျိုးသားဇာတ်ပို့ဆု - ကျော်ဟိန်း - (ဝေလည်းမွှေး ကြွေလည်းမွှေး)ဆေးရောင်စုံ ဇာတ်ကား
- အမျိုးသမီးဇာတ်ပို့ဆု - နွဲ့နွဲ့စန်း - (သရဖူ)ဆေးရောင်စုံ ဇာတ်ကား
- ရုပ်ရှင်ဓါတ်ပုံဆု - ကိုကိုဌေး (ထိပ်တန်း) - (မသုဓမစာရီ)ဆေးရောင်စုံ ဇာတ်ကား
- ရုပ်ရှင်တေးဂီတဆု - စန္ဒယားလှထွဋ် - (တပြည်သူမရွှေထား)ဆေးရောင်စုံ ဇာတ်ကား
- ရုပ်ရှင်အသံဆု - ဦးခင်ဦး - (သရဖူ)ဆေးရောင်စုံ ဇာတ်ကား
- ဇာတ်ကားဆု - (တိုက်ပွဲခေါ်သံ) - ခင်စံပယ်ဦးရုပ်ရှင်
- ဒါရိုက်တာဆု- မောင်တင်ဦး - (တိုက်ပွဲခေါ်သံ)
- အမျိုးသားဇာတ်ဆောင်ဆု - ရန်အောင် - (ပုဂံမှာ သာတဲ့လ)
- အမျိုးသားဇာတ်ဆောင်ဆု - စိုးသူ - (အောင်မြင်သောနေ့)
- အမျိုးသမီးဇာတ်ဆောင်ဆု - မေသန်းနု - (ပုဂံမှာ သာတဲ့လ)
- အမျိုးသားဇာတ်ပို့ဆု - ဇော်လင်း - (တိုက်ပွဲခေါ် သံ)
- အမျိုးသမီးဇာတ်ပို့ဆု - မြင့်မြင့်ခိုင် - (အောင်မြင်သောနေ့)
- ရုပ်ရှင်ဓါတ်ပုံဆု - ဦးသန်းနု(ပန်းသာ) - (ပုဂံမှာသာတဲ့လ)
- ရုပ်ရှင်တေးဂီတဆု - ဂီတလုလင်မောင်ကိုကို - (တိုက်ပွဲခေါ်သံ)
- ရုပ်ရှင်ဇာတ်ကားဆု - အောင်ကျည်ထွဏ်း - (တိုက်ပွဲခေါ်သံ)
- ဇာတ်ကားဆု - (ပန်းသခင်) - ယမုံနာရုပ်ရှင်
- ဒါရိုက်တာဆု - ဦးကြီးမြင့် - (ပန်းသခင်)
- အမျိုးသားဇာတ်ဆောင်ဆု - ကျော်ရဲအောင် -(သားသမီးဇနီးကြင်ယာ)
- အမျိုးသားဇာတ်ဆောင်ဆု - ရန်အောင် - (အလင်းဖျော့ကောင်းကင်)
- အမျိုးသမီးဇာတ်ဆောင်ဆု - ထက်ထက်မိုးဦး - (ပန်းသခင်)
- အမျိုးသမီးဇာတ်ဆောင်ဆု - မေသန်းနု - (အလင်းဖျော့ကောင်းကင်)
- အမျိုးသားဇာတ်ပို့ဆု - ဇော်လင်း - (ပန်းသခင်)
- အမျိုးသမီးဇာတ်ပို့ဆု - မြင့်မြင့်ခင် - (မြင့်မိုရ်တောင်ဦးမကကျူးသား)
- ရုပ်ရှင်ဓါတ်ပုံဆု - ချစ်မင်းလူ - (ချစ်ရည်းစား)
- ဇာတ်ကားဆု - (သူ့ကျွန်မခံပြီ) - မြတ်မိခင်ရုပ်ရှင်
- ဒါရိုက်တာဆု - ကြည်စိုးထွန်း- (သူ့ကျွန်မခံပြီ)
- အမျိုးသားဇာတ်ဆောင်ဆု - ဒွေး - (အမေ့ခြေရာ)
- အမျိုးသမီးဇာတ်ဆောင်ဆု - ပန်းဖြူ - (အရိပ်)
- အမျိုးသားဇတ်ပို့ဆု - ညွှန့်ဝင်း - (သူ့ကျွန်မခံပြီ)
- အမျိုးသားဇတ်ပို့ဆု - ဇင်ဝိုင်း - (မြင့်မြတ်နှလုံးသား)
- အမျိုးသမီးဇာတ်ပို့ဆု - ချိုပြုံး - (အမေ့ခြေရာ)
- ရုပ်ရှင်ဓါတ်ပုံဆု - ကိုကိုဌေး (ထိပ်တန်း) - (မြင့်မြတ်နှလုံးသား)
- ရုပ်ရှင်တေးဂီတဆု - ဇော်မျိုးထွဋ် - (မြင့်မြတ်နှလုံးသား)
- ရုပ်ရှင်အသံဆု - ဦးစိန်မြင့် (ဇာတ်လမ်းရုပ်ရှင်) - (မြင့်မြတ်နှလုံးသား)
- ရုပ်ရှင် ဇာတ်ညွှန်းဆု - မြက်ခင်းသစ် ၊ သုခုမလွင်ပြင် - (မြင့်မြတ်နှလုံးသား)
- ရုပ်ရှင်တည်းဖြတ်ဆု - ဦးမြင့်ခိုင် (မော်ကွန်းရုပ်ရှင်) - (သူ့ကျွန်မခံပြီ)
- ဇာတ်ကားဆု - (အနှိုင်းမဲ့ရင်ခွင်)
- ဒါရိုက်တာဆု - မလိခစိုးထိုက်အောင် - (အနှိုင်းမဲ့ရင်ခွင်)
- အမျိုးသားဇာတ်ဆောင်ဆု -ရန်အောင်- (ညမင်းသား)
- အမျိုးသမီးဇာတ်ဆောင်ဆု -စိုးမြတ်သူဇာ - (ရွှေနံသာစံအိမ်)
- အမျိုးသမီးဇာတ်ပို့ဆု -နန္ဒာလှိုင်- (ရွှေနံသာစံအိမ်)
- ရုပ်ရှင်ဓါတ်ပုံဆု -ဦးသန်းညွန့်(ပန်းသာ)- (ညမင်းသား)
- ရုပ်ရှင် ဇာတ်ညွှန်းဆု -ကိုကိုလေး - (အနှိုင်းမဲ့ရင်ခွင်)
- ဇာတ်ကားဆု - (အဖေ့နေရာ) -သီဟဇော်ရုပ်ရှင်
- ဒါရိုက်တာဆု -ခင်မောင်ဦး/စိုးသိမ်းထွဋ်- (အဖေ့နေရာ)
- အမျိုးသားဇာတ်ဆောင်ဆု-လွင်မိုး - (ရင်ထဲကဆောင်းရာသီ)
- အမျိုးသမီးဇာတ်ဆောင်ဆု -ထွန်းအိန္ဒြာဗို- (နှောင်းတမြေ့မြေ့)
- အမျိုးသားဇာတ်ပို့ဆု - ထွန်းထွန်းဝင်း- (နှောင်းတမြေ့မြေ့)
- အမျိုးသမီးဇာတ်ပို့ဆု - မြတ်ကေသီအောင် - (ရင်ထဲကဆောင်းရာသီ)
- ကလေးသရုပ်ဆောင်ဆု-အိသဲဖြူ - (ရင်ထဲကဆောင်းရာသီ)
- ဇာတ်ကားဆု -ငရဲသား - ခင်စံပယ်ဦးရုပ်ရှင်
- ဒါရိုက်တာဆု - သီဟတင်စိုး - (ငရဲသား)
- အမျိုးသားဇာတ်ဆောင်ဆု - သီဟတင်စိုး(ငရဲသား)
- အမျိုးသားဇာတ်ဆောင်ဆု - ရန်အောင်- (မောဟမျဉ်းပြိုင်များ)
- အမျိုးသမီးဇာတ်ဆောင်ဆု -မျိုးသန္တာထွန်း - (နှုတ်ခမ်းထက်က ဓားသွား)
- အမျိုးသားဇာတ်ပို့ဆု - အောင်ခိုင် - (ငရဲသား)
- အမျိုးသမီးဇာတ်ပို့ဆု - ခင်သန်းနု- (သမီးရှင်)
- ရုပ်ရှင်ဓာတ်ပုံဆု-သန်းညွှန့်(ပန်းသာ) - မောင့်မူပိုင်ရှင်
- ဇာတ်ကားဆု -နှလုံးလှလူမိုက် - မေတ္တာရောင်ပြန်ရုပ်ရှင်
- ဒါရိုက်တာဆု -မောင်တင်ဦး - (နှလုံးလှလူမိုက်)
- အမျိုးသားဇာတ်ဆောင်ဆု - မင်းမော်ကွန်း - (နှလုံးလှလူမိုက်)
- အမျိုးသားဇာတ်ဆောင်ဆု - လွင်မိုး - (ပန်းတစ်ပွင့်ဖန်ဆင်းခြင်း)
- အမျိုးသမီးဇာတ်ဆောင်ဆု -ထက်ထက်မိုးဦး (သမီးမိုက်)
- အမျိုးသမီးဇာတ်ဆောင်ဆု - မေသန်းနု - (ချစ်ခြင်း၏အခြားမဲ့၌ )
- အမျိုးသားဇာတ်ပို့ဆု - နေအောင် - (နှလုံးလှလူမိုက်)
- အမျိုးသမီးဇာတ်ပို့ဆု - မေသဉ္ဇာဦး - (နှလုံးလှလူမိုက်)
- အမျိုးသမီးဇာတ်ပို့ဆု - စိုးမြတ်နန္ဒာ - (အချစ်ကို မွေးဖွားခြင်း)
- ရုပ်ရှင်ဇာတ်ညွှန်းဆု-ခင်လေးသိမ့် - (ပန်းတစ်ပွင့်ဖန်ဆင်းခြင်း)
- ဓာတ်ပုံဆု-ထိပ်တန်း ကိုကိုဌေး - (ကောင်းကင်ထက်ကပန်းတစ်ပွင့်)
- ဇာတ်ကားဆု-မြင့်မြင့်ခိုင် (ဆန်ရေ) - စိမ်းဝါနီရုပ်ရှင်
- ဇာတ်ကားဆု- (ငါသူတစ်ပါး ယောက်ျား မိန်းမ) - ကြယ်တံခွန်ရုပ်ရှင်
- ဒါရိုက်တာဆု-ကြည်စိုးထွန်း - (ဆန်ရေ)
- ဒါရိုက်တာဆု-ပန်းချီစိုးမိုး - (ငါသူတစ်ပါး ယောက်ျား မိန်းမ)
- အမျိုးသား ဇာတ်ဆောင်ဆု -လူမင်း - (ရွှေမှုန်ကြဲတဲ့ မိုးကောင်းကင်)
- အမျိုးသမီး ဇာတ်ဆောင်ဆု -ခင်ဇာခြည်ကျော် - (ငါသူတစ်ပါး ယောက်ျား မိန်းမ)
- အမျိုးသမီး ဇာတ်ပို့ဆု-မေသန်းနု - (ငါသူတစ်ပါး ယောက်ျား မိန်းမ)
- အမျိုးသား ဇာတ်ပို့ဆု-ညွန့်ဝင်း - (ဆန်ရေ)
- ရုပ်ရှင်ဇာတ်ညွှန်းဆု-ငြိမ်းမင်း - (ငါသူတစ်ပါး ယောက်ျား မိန်းမ)
- ရုပ်ရှင်ဓာတ်ပုံဆု-ကျောက်ဖြူ(ပဒေသာ) - (ယောက္ခမဆိုတာ တစ်ခါတုန်းက သမက်ပါပဲ)
- ရုပ်ရှင်တေးဂီတဆု-ဂီတလုလင်မောင်ကိုကို - (ဆန်ရေ)
- ရုပ်ရှင်တေးဂီတဆု-ခင်မောင်ကြီး - (ငါသူတစ်ပါး ယောက်ျား မိန်းမ)
- အသံထူးချွန်ဆု- ဖိုးထောင်နှင့်အဖွဲ့ - (ဆန်ရေ)
- တည်းဖြတ်မှုအကောင်းဆုံးဆု- ဇော်မင်း(ဟံသာမြေ) - (ငါသူတစ်ပါး ယောက်ျား မိန်းမ)
- ဇာတ်ကားဆု-(အမေ့နို့ဖိုး) - အမျိုးသားရုပ်ရှင်
- ဒါရှိုက်တာဆု-ကျော်သူ - (အမေ့နို့ဖိုး)
- အမျိုးသားသရုပ်ဆောင်ဆု -ကျော်ဟိန်း - (နေကမွေးတဲ့လ)
- အမျိုးသမီးသရုပ်ဆောင်ဆု- ထွန်းအိန္ဒြာဗို - (အမေ့နို့ဖိုး)
- အမျိုးသားဇာတ်ပို့ဆု - ဇော်ဦး - (အမေ့နို့ဖိုး)
- အမျိုးသမီးဇာတ်ပို့ဆု- ချိုပြုံး - (အမေ့နို့ဖိုး)
- ရုပ်ရှင်တည်းဖြတ်ဆု - ဦးမြင့်ခိုင်- (သူးမွဲထသစ္စာ)
- ရုပ်ရှင်ဇာတ်ညွှန်းဆု- ငြိမ်းမင်း - (အမေ့နို့ဖိုး)
- ရုပ်ရှင်ဓါတ်ပုံဆု -ကျောက်ဖြူ(ပဒေသာ) - (အမေ့နို့ဖိုး)
- ရုပ်ရှင်တေးဂီတဆု - ဇော်မျိုးထွဋ်- (နေကမွေးတဲ့လ)
- ရုပ်ရှင်အသံဆု - ခင်စပယ်ဦး အဖွဲ့ - (သူးမွဲထသစ္စာ)
- ဇာတ်ကားဆု-(လျှို့ဝှက်သောနှင်း) - စင်ရော်ရုပ်ရှင်
- ဒါရှိုက်တာဆု-စင်ရော်မောင်မောင်(လျှို့ဝှက်သောနှင်း)
- အမျိုးသားသရုပ်ဆောင်ဆု -လွင်မိုး - (တစ်ခါက ဧရာဝတီညများ)
- အမျိုးသမီးသရုပ်ဆောင်ဆု-အိန္ဒြာကျော်ဇင် - (မျက်နှာများတဲ့ကောင်းကင်)
- အမျိုးသားဇာတ်ပို့ဆု -ညွန့်ဝင်း - (လျှို့ဝှက်သောနှင်း)
- အမျိုးသမီးဇာတ်ပို့ဆု- စိုးမြတ်နန္ဒာ - (ချစ်ခြင်းငယ်ပြိုင်)
- ရုပ်ရှင်တည်းဖြတ်ဆု - ဇော်မင်း(ဟံသာမြေ)- (လျှို့ဝှက်သောနှင်း)
- ရုပ်ရှင်ဇာတ်ညွှန်းဆု- ငြိမ်းမင်း - (လျှို့ဝှက်သောနှင်း)
- ရုပ်ရှင်ဓါတ်ပုံဆု -ကိုကိုဌေး(ထိပ်တန်း) - (လျှို့ဝှက်သောနှင်း)
- ရုပ်ရှင်တေးဂီတဆု-စိန်မွတ္တား(မန္တလေး)- (ပန်းဒဏ္ဍာရီ)
- ရုပ်ရှင်အသံဆု-အေးမြင့်(ဇာတ်လမ်းရုပ်ရှင်) - (လျှို့ဝှက်သောနှင်း)
- ဇာတ်ကားဆု-(ကျန်စစ်မင်း) - ဧ၀ရက်ရုပ်ရှင်
- ဒါရှိုက်တာဆု--ကြည်စိုးထွန်း - (ဆဋ္ဌဂံ)
- အမျိုးသားသရုပ်ဆောင်ဆု - လူမင်း - (ကျန်စစ်မင်း)
- အမျိုးသမီးသရုပ်ဆောင်ဆု- ထွန်းအိန္ဒြာဗို - (မိုးကုတ်စက်ဝိုင်းကိုကျော်လွန်၍)
- အမျိုးသားဇာတ်ပို့ဆု - ချမ်းသာကြည်စိုး - (ဆဋ္ဌဂံ)
- အမျိုးသမီးဇာတ်ပို့ဆု--မြတ်ကေသီအောင် - (ချစ်ခြင်းဖွဲ့မေတ္တာ)
- ရုပ်ရှင်တည်းဖြတ်ဆု - အောင်သွင် - (ဆဋ္ဌဂံ)
- ရုပ်ရှင်ဇာတ်ညွှန်းဆု- -ကြည်စိုးထွန်း - (ဆဋ္ဌဂံ)
- ရုပ်ရှင်ဓါတ်ပုံဆု -နိုင်နုရှိန်(ဖထီး) - မိုးကုတ်စက်ဝိုင်းကိုကျော်လွန်၍
- ရုပ်ရှင်တေးဂီတဆု- ခင်မောင်ကြီး(ကျန်စစ်မင်း)
- ရုပ်ရှင်အသံဆု- ရစ်ချတ်ရဲဝင်း(ကျန်စစ်မင်း)
- ဇာတ်ကားဆု-(မျှော်လင့်ခြင်းများစွာ) -
- ဒါရှိုက်တာဆု- မောင်မျိုးမင်း(ရင်တွင်းဖြစ်) - (မျှော်လင့်ခြင်းများစွာ)
- အမျိုးသားသရုပ်ဆောင်ဆု - ရန်အောင် - (ဂုဏ်ရှိန်ပြင်းတဲ့ချစ်ခြင်းသိက္ခာ)
- အမျိုးသမီးသရုပ်ဆောင်ဆု-နန္ဒာလှိုင် - (တောင်သမန်သစ္စာ)
- အမျိုးသားဇာတ်ပို့ဆု - ဖိုးကျော် - (မျှော်လင့်ခြင်းများစွာ)
- အမျိုးသမီးဇာတ်ပို့ဆု - မေသဉ္စာဦး - (ပန်းပျိုးသူတို့ အင်္လကာ)
- ရုပ်ရှင်တည်းဖြတ်ဆု - ဇော်မင်း (ဟံသာမြေ) - (မျှော်လင့်ခြင်းများစွာ)
- ရုပ်ရှင်ဇာတ်ညွှန်းဆု - ဇော်မြင့်ဦး - (တောင်သမန်သစ္စာ)
- ရုပ်ရှင်ဓါတ်ပုံဆု - သန်းညွန့် (ပန်းသာ) - (ပန်းပျိုးသူတို့ အင်္လကာ)
- ရုပ်ရှင်တေးဂီတဆု - ကိုသော်ဇင် (လ၀န်းအိမ်) - (ပန်းပျိုးသူတို့ အင်္လကာ)
- ရုပ်ရှင်အသံဆု - ဦးမျိုးညွန့် - (တောင်သမန်သစ္စာ)
၂၀၀၇-ခုနှစ် (၅၆-ကြိမ်)
- ဇာတ်ကားဆု- (ကိုးဆယ်ဆ သာလိမ့်မယ်)- မြင့်မာလာရုပ်ရှင်
- ဒါရိုက်တာဆု- မောင်ယဉ်အောင်(မြို့တော်) -(ကိုးဆယ်ဆ သာလိမ့်မယ်)
- အမျိုးသားသရုပ်ဆောင်ဆု - ကျော်ရဲအောင်- (ကိုးဆယ်ဆ သာလိမ့်မယ်)
- အမျိုးသားဇာတ်ပို့ဆု - မိုးဒီ - (ကိုးဆယ်ဆ သာလိမ့်မယ်)
- ရုပ်ရှင်ဓါတ်ပုံဆု - ကျောက်ဖြူ(ပဒေသာ) - (ငါ့ဓား ငါ့သွေး ငါ့ဧရာဝတီ)
- ရုပ်ရှင်တေးဂီတဆု - စိန်မွတ္တား(မန္တလေး) - (ကိုးဆယ်ဆ သာလိမ့်မယ်)
- ဇာတ်ကားဆု- (အများနှင့်မသက်ဆိုင်သောသူ)- မျက်ခြယ်ရုပ်ရှင်
- ဒါရိုက်တာဆု- (ညီညီထွန်းလွင်) - (အများနှင့်မသက်ဆိုင်သောသူ)
- အမျိုးသားသရုပ်ဆောင်ဆု - ခန့်စည်သူ - (အများနှင့်မသက်ဆိုင်သောသူ)
- အမျိုးသားဇာတ်ပို့ဆု - ရဲအောင် - (အကယ်ဒမီရှော့ခ်)
- အမျိုးသမီးသရုပ်ဆောင်ဆု - မို့မို့မြင့်အောင် - (မြင့်မိုရ်ထက်က သရဖူ)
- အမျိုးသမီးဇာတ်ပို့ဆု - ခင်မို့မို့အေး - (အများနှင့်မသက်ဆိုင်သောသူ)
- ရုပ်ရှင်ဓါတ်ပုံဆု - သန်းညွှန့် (ပန်းသာ) - (ကြိုးတန်း)
၂၀၀၉-ခုနှစ် (၅၈-ကြိမ်)
- ဇာတ်ကားဆု- (ကြိုးကြာတောင်ပံခတ်သံ)- ----ရုပ်ရှင်
- ဒါရိုက်တာဆု- မီးပွား (ဇော်ကကနေသည်)
- အမျိုးသားသရုပ်ဆောင်ဆု - နေတိုး - (မိုးညအိပ်မက်မြူ)
- အမျိုးသားဇာတ်ပို့ဆု -
- အမျိုးသမီးသရုပ်ဆောင်ဆု -
- အမျိုးသမီးဇာတ်ပို့ဆု - စိုးပြည့်သဇင် - (မိုးညအိပ်မက်မြူ)
- ရုပ်ရှင်ဓါတ်ပုံဆု - သန်းညွှန့် (ပန်းသာ) - (ကြိုးတန်း)
- ရုပ်ရှင်တေးဂီတဆု - ဓိရာမိုရ် - (ဇော်က ကနေသည်)
- ရုပ်ရှင်တည်းဖြတ်ဆု - ဇော်မင်း (ဟံသာမြေ) - (ကျောက်စက်ရေ)
အမျိုးသမီးဇာတ်ဆောင်ဆု နှင့် အမျိုးသား ဇာတ်ပို့ ဆုတို့ကို ပေးအပ်နိုင်ခြင်းမရှိခဲ့ပေ .... ။
မှတ်ချက် - http://wikimyanmar.co.cc ဆိုဒ်ရှိ မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုလင့်မှကူးယူဖော်ပြသည်။