အလည်လာသော စာပေမိတ်ဆွေများအား မင်္ဂလာအပေါင်းနဲ့ ပြည့်စုံနိုင်ပါစေ

Thursday, November 24, 2011

Thai Union Group




သစ္စာဝါဒီ

In front of emeral Buddha!

In front of emerald Buddha!

Wednesday, November 23, 2011

Conference

Conference hall in Mahamakut University

Mahamakut University

Mahamakut University

Saturday, November 19, 2011

မြန်မာ့အရေး လှုပ်ရှားသူများကို ကော့စ်ဘဇား ဘုန်းတော်ကြီး ကျောင်းများတွင် နေထိုင်ခွင့် ပိတ်ပင်

မြန်မာနိုင်ငံနှင့် နီးကပ်စွာတည်ရှိသော ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ကော့စ်ဘဇားမြို့ရှိ ဘုန်းတော်ကြီးကျောင်းများတွင် မြန်မာ့အရေး လူပ်ရှားသူများ၏ နေထိုင်ခွင့်ကို သက်ဆိုင်ရာမှ တားဆီး ပိတ်ပင်မူများ ပြုလုပ်လာကြောင်း သတင်း ရရှိသည်။

ကော့စ်ဘဇားခေါ် ဖလောင်းချိတ်မှ ရခိုင် ဘုန်းတော်ကြီးကျောင်း။
ကော့စ်ဘဇားမြို့ တောကျောင်းတွင်နေထိုင်သော ၈၈ မျိုးဆက်သစ် ကျောင်းသားတဦး အဖြစ် လူသိများသူ အမျိုးသားရေး ကိုနိုင်နိုင်က ဘင်္ဂလာဒေခ်ျ့ ထောက်လှမ်းရေး အဖွဲ့ မှ လာရောက်ပိတ်ပင်ခြင်းကို ယခုလို ပြောကြားသည်။

" နိုဝင်္ဘာလ ၁၈ ရက်နေ့ ညနေ ၇ နာရီဝန်းကျင်မှာ ကျွန်တော်နေတဲ့ တောကျောင်းကို ဒီဂျီအက်အိုင်လို့ ခေါ်တဲ့ ဘင်္ဂလာဒေခ်ျ့ စစ်ထောက် လှမ်းရေးအဖွဲ့က လူ ၂ ယောက် ရောက်လာတယ်။ သူတို့ ပြောသွားတာက မြန်မာက စစ်ဘက်ဆိုင်ရာ အရာရှိတွေ လာလည်ဖို့ အစီစဉ်ရှိ တဲ့အတွက် ဒီကျောင်းမှာ နေလို့မရဘူး။ ရောက်တဲ့ နေ့မှာလည်း ဆန္ဒပြလို့မရဘူး။ အဲလိုပြောသွားတယ်" ဟု နိရဉ္စရာသို့ ပြောသည်။

အတည်မပြုနိုင်သေးသည့် သတင်းများ အရ ကော့စ်ဘဇားမြို့သို့ မြန်မာနိုင်ငံမှ စစ်ဦးစီးချုပ် အပါအ၀င် အဆင့်မြင့် စစ်ဘက်ဆိုင်ရာ အရာရှိများ လာမည့် အပတ်တွင် လာရောက် လည်ပတ်ရန် အစီအစဉ် ရှိနေပြီး ကော့စ်ဘဇားမြို့ပေါ်ရှိ မဟာသိမ်တော်ကြီးသို့လည်း လာရောက် လည်ပတ်မည် ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်ကတော့ ကျန်းမာရေး အခြေအနေကြောင့် ဒီကျောင်းကနေ တခြားနေရာ သွားလို့ မရဘူးလို့ပြော လိုက်ပါတယ်။ ပြီးရင် ဆန္ဒပြမယ် မပြဆိုတာ ပြောလို့ မရဘူး ဆိုပြီး တုန့်ပြန် ပြောဆိုလိုက်ပါတယ်" ဟု ပြောသည်။

ကိုနိုင်နိုင်မှာ ဒက္ကားမြို့ရှိ UNHCR မှ အသိအမှတ်ပြုထားသော မြို့ပေါ် ဒုက္ခသည် တစ်ဦးဖြစ်ပြီး ကော့စ်ဘဇားမြို့တွင် နှစ်ရှည်လများ နေထိုင်လာသူ ဖြစ်သည်။ ယခုကဲ့သို့ နေထိုင်ခွင့် တားမြစ်ခြင်းအပေါ်UN သို့ အသိပေး တိုင်ကြားသွားမည်ဟု သူက ပြောသည်။

ကော့စ်ဘဘဇားမြို့ တောကျောင်းတွင် သီတင်းသုံးနေသည့် ကျောင်းထိုင်ဆရာတော် ဦးစန္ဒာဝရမှလည်း ထိုသို့ တားမြစ်ကြောင်းကို ယခုလို ပြောကြားသည်။

" ဦးဇင်းနေတဲ့ ကျောင်းကိုတော့ ထောက်လှမ်းရေးတွေ ရောက်လာတယ်။ ရခိုင်ပြည်က နိုင်ငံရေး သမားတွေကို ကျောင်းမှာ လက်မခံရဘူးဆိုပြီး ပြောသွားတယ်။ တခြားအထွေအထူးတော့ ပြောမသွားပါဘူး" ဟု ပြောသည်။

ကော့စ်ဘဇားမြို့တွင် ရှိနေသော မြန်မာနိုင်ငံမှ နိုင်ငံရေသမားများကိုလည်း ဆက်လက် စစ်ဆေးသွားမည် ဆိုသော သတင်းများ ထွက်ပေါ်နေကြောင်း သိရသည်။

ယခုကဲ့သို့ မြန်မာ အရေး လူပ်ရှားသူများကို စစ်ဆေးခြင်း၊ နေထိုင်ခွင့် တားမြစ် ပိတ်ပင်ခြင်းမှာ ယခင်က တကြိမ် တခါမျှ မရှိခဲ့ကြောင်းနှင့် ယခုကဲ့သို့ တားမြစ်ပိတ်ပင်လာခြင်းမှာ လက်ရှိ ပြောင်းလဲလာသော မြန်မာနိုင်ငံရေး အခြေအနေများကြောင်း ဖြစ်နိင်ဖွယ်ရှိကြောင်း လေ့လာသုံးသပ်သူများက ပြောသည်။

မြေပုံမြို့နယ် စိတ္တရ ရွာကြီးမီးလောင်၊ အိမ်ပေါင်း ၁၄၆ ဆောင် မီးထဲပါ

ဂီရိ မုန်တိုင်း ဒဏ်ကို အကြီးအကျယ်ခံခဲ့ရသော ရခိုင်ပြည်နယ် မြေပုံမြို့နယ် စိတ္တရ ကျေးရွာတွင် ယနေ့ မီးလောင်မူ ဖြစ်ပွားရာ အိမ်ခြေပေါင်း ၁၄၆ ဆောင် မီးထဲ ပါသွားခဲ့သည်။

" မီးလောင်တာက နံနက် ၈ နာရီခွဲကနေ စလောင်တာ ဖြစ်ပါတယ်။ နေ့လည်း ၁ နာရီမှ မီးငြိမ်းသွားပါတယ်။ အိမ်ခြေပေါင်း ၁၄၆ ဆောင် မီးထဲပါသွားပါတယ်။ ဆုံးရှုံးမူကတော့ မခန့်မှန်းနိုင်သေးဘူး" ဟု ဒေသခံ ရွာသား တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

မီးမှာ ရွာလယ်ပိုင်းမှ စတင် လောင်ခြင်း ဖြစ်ပြီး မည်သူ့အိမ်မှ စတင်လောင်သည်ကို မသိရှိကြောင်း အဆိုပါ ရွာသားက ပြောသည်။

" မီးဘယ်အိမ်က ဘာကြောင့် စလောင်တယ်ဆိုတာ မသိရသေးဘူး။ ရွာလယ်ပိုင်းက စလောင်တာ ဖြစ်ပါတယ်။ အထိအခိုက် အသေအပျောက်တော့ မရှိပါဘူး။ အခု မီးဘေးသင့် ဒုက္ခသည်တွေကို မီးမလောင်ဘဲ ကျန်ခဲ့တဲ့ ဘုန်းကြီးကျောင်းမှာ နေရာချထားပေးပါတယ်။ တမင်းထုတ်တွေကိုတော့ ကမ်းထောင့်ကြီးရွာက လာပို့ပါတယ်" ဟု သူက ဆက်ပြောသည်။

စိတ္တရကျေးရွာတွင် အိမ်ခြေပေါင်း ၄၀၀ ကျော်ရှိပြီး ကမ်းထောင့်ကြီးတိုက်နယ်ရွာကြီး အနီးတွင် တည်ရှိသည်။

ယခု စိတ္တရ ကျေးရွာ မီးလောင်မူမှာ ရခိုင်ပြည်နယ်၌ ယခုလအတွင်း (၅) ကြိမ်မြောက် မီးလောင်မူ ဖြစ်သည်။ နိုဝင်္ဘာလ ၁ ရက်နေ့က ရမ်းဗြဲ ကျောက်နီမော်၊ နိုဝင်္ဘာလ ၁၂ ရက်နေ့က မင်းပြားဈေးကြီး၊ နိုဝင်္ဘာလ ၁၇ ရက်နေ့က မြောက်ဦး၊ နိုဝင်္ဘာလ ၁၈ ရက်နေ့က မောင်တော တမန်းသား ရွာတွင် မီးလောင်မူ ဖြစ်ပွားခဲ့သည်။

Friday, November 18, 2011

ဆက်သွယ်ရန်

ကွန်ပျူတာအကြောင်း

ကွန်ပျူတာအကြောင်း

Chapter (1) ကွန်ပျူတာတွင် အဓိက အချက်နှစ်ချက်ရှိသည်။ ၎င်းတို့မှာ
၁) စက်ပိုင်းဆိုင်ရာ (Hardware) နှင့်
၂) ညွှန်ကြားပိုင်းဆိုင်ရာ (Software) ဟူ၍ဖြစ်သည်။

၁) စက်ပိုင်းဆိုင်ရာ (Hardware) များသည် ထိတွေရ့ကိုင်တွယ်၍ရသည့်အရာများဖြစ်သည်။
ဥပမာ။
























စက်ပိုင်းဆိုင်ရာ (Hardware) များကို၎င်း၏အလုပ်လုပ်ပုံအပေါ်မူတည်၍ အုပ်စု () စု ခွဲနိုင်သည်။ ၎င်းတို့မှာ
1) Input Device (အချက်အလက်များအားကွန်ပျူတာအတွင်းသို့ထည့်သွင်းရန်ဆောင်ရွက်ပေးသည့်ကိရိယာများ)
ဥပမာ။ Keyboard, Mouse, Scanner, Webcam စသည်တို့ပါဝင်သည်။
2) Process (အချက်အလက်များအားတွက်ချက်၍ အဖြေထုတ်ပေးသည့်ကိရိယာများ)
ဥပမာ။ CPU (Central Processing Units), Motherboard, စသည်ဖြင့်…..
3) Output Device (ထွက်လာသောအဖြေကို အသုံးပြုသူအား ဆက်သွယ်ပြသပေးသည့် ကိရိယာများ)
ဥပမာ။ Monitor, Speaker, Printer, စသည်ဖြင့်
4) Storage Device (အချကအလက်များသိုလှောင်ပေးသည် ကိရိယာများ)
ဥပမာ။ ။ Hard Disk, Flash Drive, Memory Card စသည်ဖြင့်
) ညွှန်ကြားပိုင်းဆိုင်ရာ (Software) များသည် ထိတွေ့ကိုင်တွယ်၍မရနိုင်သော အရာများဖြစ်သည်။
အောက်ပါတို့သည် “Software” ၏အလုပ် လုပ်မှုပုံစံ အဆင့်ဆင့်ဖြစ်သည်။









ညွှန်ကြားပိုင်းဆိုင်ရာ (Software) များ များကို၎င်း၏အလုပ်လုပ်ပုံအပေါ်မူတည်၍ အုပ်စု () စု ခွဲနိုင်သည်။ ၎င်းတို့မှာ
1) Application Software (အသုံးချအုပ်စုပရိုဂရမ်များ) သည်မိမိလုပ်ငန်းအတွက် အလုပ်လုပ်ပေးသော ပရိုဂရမ်များဖြစ်သည်။ ၎င်းသည်သီးခြားသော အလုပ်မျိုးသာလုပ်ဆောင်ပေးသည်။
ဥပမာ။ Microsoft Office Word ကိုအသုံးချခြင်းဖြင့် စာစီစာရိုက်ပြုလုပ်နိုင်သည်။
Adobe Photoshop ကိုအသုံးချခြင်းဖြင့် ပုံများဖန်တီးနိုင်၊ ရေးဆွဲနိုင်သည်။
2) System software (ထိမ်းချုပ်မှုဆိုင်ရာ ပရိုဂရမ်များ) သည်ကွန်ပျူတာ အသက်ရှင်လာစေရန် မရှိမဖြစ်အရေးကြီးသော ပရိုဂရမ်ဖြစ်သည်။ မိမိကွန်ပျူတာကို Power ခလုပ်နှိပ်ပေးသောအခါ System software အလုပ်လုပ်သောကြောင့် မိမိကွန်ပျူတာတွင် ရုပ်ပုံများဖြင့်မြင်တွေ့ရခြင်းဖြစ်သည်။ System software မရှိပါက မြင်တွေ့ရမည်မဟုတ်ပေ။ အသုံးများသော System software များမှာ
1) Microsoft Windows
Microsoft ကုမ္မဏီမှထုတ်လုပ်သောပရိုဂရမ်ဖြစ်သည်။ ကမ္ဘာ့တဝန်းလုံးတွင် လူအသုံးများဆုံး (ထိမ်းချုပ်မှုဆိုင်ရာ ပရိုဂရမ်) ဖြစ်သည်။ ၎င်းသည်ခုနစ်အလိုက်တိုးတက်လာသောကြောင့် အမျိုးမျိုးရှိသည်။
· Microsoft Windows 95
· Microsoft Windows 98
· Microsoft Windows Me
· Microsoft Windows xp
· Microsoft Windows Vista
· Microsoft Windows 7

2) Linux (Open Source Software)
Linux သည် open source software ဖြစ်သည် အဘယ်ကြောင့်ဆိုသော် linux သည် အခမဲ့ရယူနိုင်ပြီး လူအများကိုလည်းဝေငှပေးနိုင်သော (ထိမ်းချုပ်မှုဆိုင်ရာ ပရိုဂရမ်) linux ကိုအခြေခံသော (ထိမ်းချုပ်မှုဆိုင်ရာ ပရိုဂရမ်)များမှာ
· Ubuntu
· Kubuntu
· Lubuntu
· Xubuntu
· Edubuntu
· Gobuntu စသည်တို့ဖြစ်သည်။
3) Macintosh (Mac OS)
Macintosh သည် Apple ကုမ္မဏီမှထုတ်လုပ်သည်။ ယင်း (ထိမ်းချုပ်မှုဆိုင်ရာ ပရိုဂရမ်) ကို ပန်းသီးတံဆိပ်ပါသော ကွန်ပျူတာတွင် တွေ့ရှိနိုင်ပြီး အနည်းငယ်ပို၍ဈေးနှုန်းမြင့်သည်။

Adobe Illustrator CS4 Digital Classroom

စာအုပ်များ

Adobe Illustrator CS4 Digital Classroom
စိတ်ဝင်စားသူများ Download လုပ်ရန်
-----------------------------------------------------------------------------------------------------------
Adobe Illustrator CS4 Digital Classroom

-----------------------------------------------------------------------------------------------------------
Adobe Photoshop CS4 Digital Classroom

-----------------------------------------------------------------------------------------------------------
How to do everything in Photoshop CS4

ရခိုင်လူငယ် အကျဉ်းသား ၂ ဦးလွတ်မြောက်

ပည်ပမှ တရားမ၀င်အဖွဲ့အစည်းနှင့် ဆက်သွယ်သည်ဟု အာဏာပိုင်များက စွပ်စွဲ၍ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သော ရခိုင်လူငယ် ကိုဇော်ထွန်းနိုင်နှင့် ကိုခိုင်ကျော်မိုးတို့သည် လွတ်ရက်စေ့သောကြောင့် အင်းစိန် အကျဉ်းထောင်မှ ယနေ့ ပြန်လည် လွတ်မြောက် လာသည်။ အကျဉ်းထောင်ထဲတွင်၂ နှစ်ခန့် နေခဲ့ရပြီး ကျန် ၁ နှစ်ကို အစိုးရက လွတ်ငြိမ်းသက်သာခွင့် ပေးသောကြောင့် ပြန်လွတ် လာသည်ဟု ကိုခိုင်ကျော်မိုးကပြောသည်။ ရဲ အထူး သတင်း တပ်ဖွဲ့ဝင်များက လွန်ခဲ့သည့် ၂၀၀၉ ခုနှစ်တွင် တခြားသော ရခိုင် လူငယ် ၉ ဦး နှင့် အတူ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အင်္ဂလန်ရောက် မြန်မာများ ဘီဘီစီ ဌာနချုပ်ရှေ့တွင် ဆန္ဒပြ

ကမ္ဘာကျော် ဘီဘီစီ သတင်းဌာနမှ သတင်းထောက် Anna Jone ၏ မှားယွင်းစွာ ရေးသား ဖော်ပြခဲ့သည့် သတင်းနှင့် ဓါတ်ပုံအတွက် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ ဘီဘီစီ သတင်းဌာန ရုံးချုပ်ရှေ့တွင် ယူကေရောက် မြန်မာများက ပြန်လည် ဖြေရှင်း တောင်းပန်ရန် ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။

demonstration-in-UK
ဆန္ဒပြရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး ဦးဆောင် ပါဝင်သူ တဦးဖြစ်သူ ကိုလူမောင်က ယခုကဲ့သို့ နိရဉ္စရာ သို့ပြောသည်။

"အဓိက ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမြေပုံက ရခိုင်ဒေသမှာ ရခိုင်လူမျိုးကို ဖော်ပြခြင်းမရှိပဲနဲ့ ဒီ ရိုဟင်ဂျာလို့ ဆိုတဲ့ ဘင်္ဂလီလူမျိုးတွေရဲ့ ဓာတ်ပုံကို ဖော်ပြတာက ဒီလူမျိုးတွေ နေထိုင်တယ်ဆိုတာကို ပြောတာနဲ့ အတူတူဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့ တိုင်းရင်းသားတွေပဲရှိတယ်။ ဒီ ရိုဟင်ဂျာဆိုတဲ့ လူမျိုးဆိုတာ မရှိဘူး။ မှားနေတဲ့ ကိစ္စ တခုကို မှားနေ တယ်လို့ ကျနော်တို့က ထောက်ပြတာပါ။ သူတို့က အမှန်တရားကို လက်ခံ တယ်ဆိုရင် အမှန်အတရား အတွက် သူတို့ ဖြေရှင်းရပါလိမ့်မယ်။ ဒီကိစ္စက မြန်မာလူထု တရပ်လုံးကို စော်ကားတာနဲ့ အတူတူပါပဲ။ ဒီအတွက် ဒါကို ဘီဘီစီ အနေနဲ့ ပြန်လည် တောင်းပန်ရမယ်ဆိုပြီးတော့ ဘီဘီစီ ဌာနချုပ် ရုံးရှေ့မှာ ကျနော်တို့ တိုင်းရင်းသားတွေ စုပေါင်းပြီးတော့ ဆန္ဒပြရခြင်းဖြစ်ပါတယ်။"

ဆန္ဒပြပွဲကို နိုဝင်္ဘာလ ၁၆ရက်နေ့ နံနက် ၁၀း၃၀ မှ နံနက် ၁၁း၃၀ (လန်ဒန်စံတော်ချိန်)ထိ ဘီဘီစီ ဌာနချုပ်ရုံးရှေ့တွင် ရခိုင်အပါအဝင် တခြား မြန်မာတိုင်းရင်းသားများက စုပေါင်း ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

ဘီဘီစီဌာနမှ တာဝန်ရှိသူတဦးမှလည်း ဆန္ဒပြသူများအား လာရောက် တွေ့ဆုံခဲ့ကြောင်း သူက ဆက်ပြောသည်။

"ဘီဘီစီ အာရှ ပစိဖိတ်ရေးရာ မန်နေဂျာလို့ ပြောတဲ့ သူတယောက် ရုံထဲက ထွက်လာခဲ့ပါတယ်။ ကျနော်တို့ ကလည်း ဒီက ရဲအကူအညီနဲ့ အဲဒီလူဆီကို Arakanese Community UK ကိုယ်စား အင်္ဂလိပ်လို ရေးထားတဲ့ စာရွက်စာတမ်းတွေကို ပေးခဲ့ပါတယ်။ အဲဒီ စာရွက်စာတမ်းတွေ ဆိုတာ ကလည်း ရခိုင်ပြည်နယ်ဟာ ရခိုင်လူမျိုး နဲ့သာ သက်ဆိုင်တယ်ဆိုတဲ့အကြောင်း၊ အဲဒါနဲ့ ပတ်သက်လို့ သမိုင်း အထောက်အထားတွေ ရေးသားထားတဲ့ စာရွက်စာတမ်းတွေ ပေးခဲ့ပါတယ်။ မြန်မာ နိုင်ငံက လူမျိုးစု ၁၃၅မျိုးထဲမှာလည်း ဒီ ရိုဟင်ဂျာဆိုတဲ့ လူမျိုးမရှိဘူး ဆိုတာကိုလည်း သူတို့ကို ပြောခဲ့ပါတယ်။ ပြီးတော့ ဒီသတင်းအမှားကိုရေးတဲ့ ဘီဘီစီက Anna Jone ဆိုတဲ့ အမျိုးသမီးနဲ့ ဘီဘီစီက မြန်မာလူထုကို တောင်းပန်ဖို့အတွက်လည်း စာရေးသားပေးခဲ့ပါတယ်။ ဒီအတွက် မန်နေဂျာဆိုတဲ့သူက ဒီကိစ္စကို အမြန်ဆုံးသူတို့ လုပ်ပေးမယ်၊ ဖြေရှင်းပေးမယ်ဆိုပြီးတော့ ကတိ ပေးခဲ့ပါတယ်။"

အဆိုပါ ဆန္ဒပြပွဲတွင် 1( Burma ) ( Burma )---- ( Not for Sale )( Not for Sale ) 2( Arakan State ) ( Arakan State ) ---( Not for Sale ) ( Not for Sale ) 3( Anna Jones )---- ( Out ) ( Out ) 4 ( Anna Jone stop giving wrong information about Rohingya ) ---- ( Now ) ( Now ) 5(BBC stop giving wrong information about Rohingya ) ---- ( Now ) ( Now ) 6( Anna Jones stop creating conflict in Burma ) ----- ( Now ) ( Now ) 7(BBC stop creating conflict in Burma ) ----- ( Now ) ( Now ) စသည့် ကြွေးကြော်သံများဖြင့် တောင်းဆိုခဲ့ကြသည်။

ယခုကဲ့သို့ ဆန္ဒပြရခြင်းကြောင့် ဘီဘီစီအနေဖြင့် တစုံတရာ တန့်ပြန်လာလိမ့်မည်ဟု သူတို့ အနေဖြင့် မျှော်လင့် ကြောင်း၊ အကယ်၍ တုန့်ပြန်မှုများ မရှိခဲ့သော်လည်း Anna Jones အပါအဝင် ဘီဘီစီဌာနမှ ရခိုင်လူထုနှင့် မြန်မာ လူထုကို တရားဝင် တောင်းပန် ဖြေရှင်းသည့် အထိ တိုက်ပွဲဝင် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သူက ပြောသည်။

အဆိုပါ အငြင်းပွားဖွယ်ရာ မြေပုံကို ၂၀၁၀ ခုနှစ် နိုဝင်ဘာ ၆ ရက်နေ့က Asia-Pacific ဌာနမှ သတင်း ထောက် Anna Jones ရေးသားသည့် Bleak Outlook for Burma's ethnic Groups ဆောင်းပါးတွင် သတင်းနှင့် အတူ ပူးတွဲ ဖော်ပြခဲ့သည်။

ထိုအတွက်ကြောင့် နောက်ပိုင်းတွင် ရခိုင်အမျိုးသားများ အပါအဝင် မြန်မာတိုင်းရင်းသားများကလည်း ကန့်ကွက် ရှုပ်ချ လာကြခဲ့သည့်နောက် ယခုနှစ် အောက်တိုဘာလ အတွင်းတွင် အဆိုပါ ဓါတ်ပုံ ကိစ္စနှင့် ပတ်သက်ပြီး ပြင်းပြင်း ထန်ထန် ကန့်ကွက် ရှုတ်ချမှုမှာ အထွတ်အထိပ်သို့ ရောက်ရှိ လာခဲ့သည်။

ထို့နောက်ပိုင်း ဘီဘီစီ သတင်းဌာနမှ အဆိုပါ ဓာတ်ပုံနေရာတွင် ရခိုင်အမျိုးသမီးငယ်များ ဓါတ်ပုံ တစ်ပုံကို ထည့်ပြီး အပြောင်းအလဲများ ပြုလုပ်ခဲ့သည်။ သို့သော်လည်း ရိုဟင်ဂျာဆိုသူများ၏ ဓါတ်ပုံကိုမူ ထပ်မံ ထည့်သွင်း ဖော်ပြထားဆဲဖြစ်သည်။

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | ewa network review